စင်ကာပူသီးသန့် ခရီးစဉ် - ၃ည ၄ရက် - (11 – 14 April 2016 / 13 – 16 April 2016)

၃ည ၄ရက် စင်ကာပူသီးသန့် ခရီးစဉ် (11 – 14 APR 2016 // 13 – 16 APR 2016)

***တစ်ဦးလျှင် USD 845 *** (၂ယောက် ၁ခန်းနှုန်းဖြစ်ပါသည်။)

CHILD WITH BED        : USD 785

CHILD NO BED             : USD 670

Day 1)          ရန်ကုန် - စင်ကာပူ   (3K 582 11:15 15:50)                                           (ညစာ)

ယနေ့ မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် စုစည်းကြပြီးအဖွဲ့  ခေါင်းဆောင်နှင့် အတူစင်ကာပူနိုင်ငံသို့  ပျံသန်းသွားရောက်ကြပါမည်။ စင်ကာပူနိုင်ငံချန်ဂီလေဆိပ်သို့  ဆိုက်ရောက်သည်နှင့် ထိုနိုင်ငံ၏ အလှဆုံးရှူခင်းနေရာဖြစ်သော Marina Bay Sands ဟိုတယ်ကြီးနှင့် ခြင်္သေ့ ရုပ် Merlionတို့ တည်ရှိရာMerlion Park သို့ သွားရောက်လည်ပတ်ပြီးအမှတ်တရဓာတ်ပုံများရိုက်ကူးကြမည်ဖြစ်ပါသည်။ ထို့ နောက် စင်ကာပူနိုင်ငံရှိရွှေမြန်မာတို့ စုံစည်းရာ Peninsula Plaza သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့ နောက်တွင်တော့ အခြားလည်ပတ်စရာနေရာများဖြစ်သော Esplanade, ဆုတောင်းပြည့် ရေပန်းရှိရာSuntec City တို့ အပြင် Mt. Faber တောင်ပေါ်သ်ု့ သွားရောက်လည်ပတ်၍ မြို့ ၏အပေါ်စီးမြင်ကွင်းကိုမှတ်တမ်းတင်ကြပါမည်။ညနေပိုင်းတွင် ညစာသုံးဆောင်ကြပြီးဟိုတယ်သို့  သွားရောက် အနားယူတည်းခိုကြပါမည်။

   

Day 2)          Sentosa (Universal Studio Singapore, Wings of Time)   (မနက် ၊ နေ့ လည် ၊ ညစာ)

မနက်စာသုံးဆောင်ပြီးသည်နှင့် အဖိုးတန်ရတနာပစ္စည်းများထုတ်လုပ် ရောင်းချရာ Diamond Industry သို့  သွားရောက်လည်ပတ် ကြပြီးနောက် ကမ္ဘာ့ အဆင့်မှီနာမည်ကျော် Universal Studio ကစားကွင်းသို့ ပို့  ဆောင်ပေးပါမည်။ ကစားကွင်းအတွင်းတွင် ရှိသောများပြားလှစွာသောကစားနည်းများကိုပျော်ရွှင်စွာဆော့ကစားရင်းနေ့ လည်စာကူပွန် (S$ 10) များဖြင့် နေ့  လည်စာသုံးဆောင်ကြပါမည်။ ညနေစောင်းပိုင်းမှာတော့ ညစာသုံးဆောင်ကြပြီး Wings of Time Show ကို ကြည့်ရှူခံစားကြပြီးနောက် ဟိုတယ်သို့ ပြန်လည်အနားယူကြပါမည်။

 

Day 3)          Jurong Bird Park - Orchard Shopping - Gardens By the Bay      (မနက် ၊ နေ့ လည် ၊ ညစာ)

မနက်စာသုံးဆောင်ပြီးနောက် စင်ကာပူနိုင်ငံ၏ ငှက်ဥယျာဉ် Jurong Bird Park မှာအချိန်ယူလည်ပတ်ကြပြီးနေ့ လည်စာကို Korean Barbeque ဆိုင် တွင် သုံးဆောင် ကြပါမည်။ ပြီးနောက် စင်ကာပူနိုင်ငံ၏ အဓိက Shopping Area ဖြစ်သော Orchard Street တွင် စိတ်တိုင်းကျ လည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ ညနေပိုင်းတွင် Gardens By the Bay သို့  သွားရောက်ကြပြီးဥယျာဉ်အတွင်းရှိ Flower Dome နှင့် Cloud Forest သို့  လည်ပတ်ကြည့်ရှုကြပါမည်။ ထို့ နောက်တွင် တော့ ညစာသုံးဆောင်၍ ပိာုတယ်သို့ ပြန်ရောက်အနားယူကြပါမည်။

   

Day 4)          စင်ကာပူ - ရန်ကုန်                   (3K 581 08:55 10:25)                    (မနက် စာ)

ဒီကနေ့ မနက်စာသုံးဆောင်ပြီးနောက်မှာတော့ ဟိုတယ်မှ Check-out လုပ် ကြပြီးစင်ကာပူနိုင်ငံကို နှုတ်ဆက်ကြကာချန်ဂီလေဆိပ်မှ တဆင့် ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာကြပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှူများ

  • မြန်မာTour Leader
  • ပြည်ဝင်ခွင့် ဗီဇာ
  • အသွားအပြန်လေယာဉ်လက်မှတ် (Jetstar, 20 kg luggage)
  • 3 Star Hotel တည်းခိုစရိတ်များ
  • မနက်စာ ၊ နေ့ လည်စာ နှင့် ညစာဝန်ဆောင်မှူများ (ဖော်ပြထားသည့်အတိုင်း)
  • Attraction Ticket များ
  • ကားဖြင့် လည်ပတ်စရိတ်များ
  • Guide နှင့် Driver Tipping များ

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှူများ

  • Personal Expenses
  • လေယာဉ်ပေါ်အစားအသောက် မပါဝင်ပါ။

Message

Our Services

Myanmar Weather

Payment

Travels Guide Book

Member of UMTA & MTM

Total Visitors