ရန်ကုန် - အိုဆာကာ - ကျိုတို - ဖူဂျီ - တိုကျို - ရန်ကုန် ခရီးစဉ် (၈ညအိပ် / ၉ရက်) - 11 April 2016

ရန်ကုန်-အိုဆာကာ-ကျိုတို-ဖူဂျီ-တိုကျို-ရန်ကုန်  (၈ညအိပ်/၉ရက်) ခရီးစဉ်

ထွက်ခွာမည့်နေ့ : 11 April 2016

ထွက်ခွာမည့်နေ့

လေယာဉ်နံပါတ်

ထွက်ခွာချိန်

ထွက်ခွာသည့်မြို့

ဆိုက်ရောက်ချိန်

ဆိုက်ရောက်သည့်မြို့

11 April 2016

MI 519

၁ရး၃၀

ရန်ကုန်

၂၂း၁၀

စင်ကာပူ

12 April 2016

SQ 618

၀၁း၂၅

စင်ကာပူ

၀၉း၀၀

အိုဆာကာ

19 April 2016

SQ635

၂၂း၅၅

တိုကျို

၀၅း၅၅ + ၁

စင်ကာပူ

20 April 2016

SQ 998

ဝရး၅၅

စင်ကာပူ

၀၉း၂၀

ရန်ကုန်

ခရီးစဉ်ဈေးနှုန်း                                             

လူကြီးတစ်ဦးလျှင်                            3100 USD

ကလေးတစ်ဦးလျှင်(Without Bed)                2400 USD

တစ်ယောက်ခန်းဈေးနှုန်း                    (+600 USD)

HOTEL OPTION [4star]

      အိုဆာကာ       - Hotel Universal Port or similar (၂ည)

      ကျိုတို            - Meitetsu Grand Hotel or similar (၁ည)

      ရာမနရှိ           - Katsugai View Hotel or similar (၁ည)

      ယိုကိုဟားမား   - Yokohama Royal Park Hotel or similar (၁ည)

      တိုကျို            - Shinagawa Prince Hotel or similar (၂ည)

ဝန်ဆောင်မှု ပါဝင်သောအရာများ

ဝန်ဆောင်မှုမပါဝင်သောအရာများ

  • ရန်ကုန်-အိုဆာကာ/ တိုကျို-ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်ခ
  • ခရီးစဉ်တစ်လျှောက် ကြယ်လေးပွင့်အဆင့်ဟိုတယ် တွင်တည်းခိုခ (နှစ်ယောက်တစ်ခန်းနှုန်း)
  • ပြည်ဝင်ခွင့်ဗီဇာကြေး
  • အိုဆာကာမှ ကျိုတိုသို့ ကျည်ဆံရထားလက်မှတ်ခ
  • ဧည့်လမ်းညွှန် ဝန်ဆောင်မှု
  • အဖွဲ့ခေါင်းဆောင် ဦးဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြပါ ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက်ကားအကြိုအပို့
  • ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာနှင့် ညစာ
  • ရေသန့်နှင့်တာဝါ ဝန်ဆောင်မှု
  • Driver & Guide Tipping
  • Mini Bar သုံးဆောင်မှု၊ Porter Man Tipping
  • ခရီးစဉ်တွင်မပါဝင်သော အပိုမှာယူစားသုံးမှု
  • Early check in & Late check out
  • ခရီးစဉ်တွင်မပါဝင်သော နေရာများအားသွားရောက်လည်ပတ်ခြင်း
  • ကီလိုအပိုသယ်ဆောင်ခ (၃၀ ကီလိုပါပြီး)

 

Terms & Conditions

  • 100 % Cancellation Fees will be charged if cancelled within 2weeks before departure or cancellation without notice.
  • 50% Cancellation Fees if cancelled before 4weeks departure.
  • Price may change without prior notice according to travel date and booking availability.

TRAVEL Itinerary

Day 01 :     ရန်ကုန်စင်ကာပူ-အိုဆာကာ                                                     (B/-/-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် စင်ကာပူနိုင်ငံမှတဆင့် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာပါမည်။

Day 02 :     အိုဆာကာ                                                                    (B on flight/L/D)

နံနက် (၀၉း၀၀) တွင် ဂျပန်နိုင်ငံရှိကန်ဆိုင်းလေဆိပ်တွင် ဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီးဂျပန်နိုင်ငံ၏ရှေးဟောင်း မြို့တော်ဖြစ်သောနာရာမြို့သို့ ထွက်ခွာလည်ပတ်ပါမည်။ နာရာမြို့၏ထင်ရှားသောTodaijiဘုရားကျောင်းတော် သို့သွားရောက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် အိုဆာကာရဲတိုက်သို့ သွားရောက်လေ့လာပြီးနောက် Shinsaibashiရှော့ပင်းဧရိယာသို့သွားရောက်ပြီးစိတ်ကြိုက်ဈေးဝယ်ထွက်ရပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

  

Day 03 :     UNIVERSAL STUDIO                                                             (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Universal Studio သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် UNIVERSAL STUDIO တွင် မိမိစိတ်ကြိုက် Roller Coaster, 3D Shows, 4D Shows နှင့် အခြားစိတ်လှုပ်ရှားဖွယ်ရာကစားနည်းများကိုပျော်ရွှင်ဖွယ်စွာကစားနိင်ပါသည်။ နေ့လည်စာကူပွန်ဖြင့် UNIVERSAL STUDIO တွင်းရှိစားသောက်ဆိုင်တွင်  မိမိနှစ်သက်ရာအစားအသောက်များကိုရွေးချယ်သုံးဆောင်နိုင်ပါသည်။ ညနေစာသုံးဆောင် ပြီးနောက် ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

  

Day 04 :     အိုဆာကာ  - ကျိုတို                                                                   (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အိုဆာကာမှ ကျိုတိုသို့ ကျည်ဆံရထားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ကျိုတိုမြို့ရှိရွှေအတိဖြင့်ပြီးသောKinkaku Temple ရွှေကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Fushiminari Shrine သို့လည်းသွားရောက်ပြီးရင်သက်ရှုမောဖွယ်ရာ ရှူခင်းများကိုခံစားကြည့်ရှုပြီးနောက် နာဂိုရာသို့ ဆက်လက်ထွက်ခွာပြီးနာဂိုရာမြို့ရှိ ကြယ်လေးပွင့် အဆင့်ရှိဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 05 :     ASHI ရေကန် – GOTEMBA ဈေးဝယ်စင်တာ                                    (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဖူဂျီတောင်၏ရှုမျှော်ခင်းအလှအပများကို ကြည့်ရှုနိုင်မည့် Ashiရေကန်သို့ အပျော်စီးသင်္ဘောဖြင့် သွားရောက်လည်ပတ်မည်ဖြစ်သည်။ ထို့နောက် ဖူဂျီတောင်အနီးတွင်ရှိသောဆိုင်ခန်းပေါင်း(၂၀၀)ကျော်ပါရှိသည့် Gotemba Outlet Mall တွင်ဈေးဝယ်ထွက်ပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 06 :     ဖူဂျီတောင် - ကာမာကူရာဘုရား - ယိုကိုဟာမား                         (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်  Oshinohakkaiရွာသို့ သွားရောက်လည်ပတ်ပြီးနောက် ဂျပန်နိုင်ငံ၏ အထွဋ်အမြတ်ထားရာ Honshu ကျွန်းပေါ်တွင်ရှိသောဖူဂျီတောင်သို့ Level 5 အထိ (ရာသီဥတုပေါ်မူတည်၍) သွားရောက်လည်ပတ်ကြည့်ရှုရပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ထင်ရှားကျော်ကြားလှသော Kamakura Buddha သို့သွားရောက် ဖူးမြှော်ပြီးနောက် Yokohama မြို့တော်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Yokohama မြို့ရှိ ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

  

Day 07 :     တိုကျို                                                                         (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် တိုကျိုမြို့သို့ခရီးဆက်ပါမည်။ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံ၏ တော်ဝင်ဘုရင့် နန်းတော်သို့သွားရောက်ကြည့်ရှုပါမည်။ ထို့နောက် တိုကျိုမြို့ရှိလည်ပတ်စရာများထဲမှတစ်ခုဖြစ်သော Tokyo Bay တွင်ရှိသောOdaiba shopping area၊ ပျားပန်းခတ်မျှ လူစည်ကားသော Shinjuku သို့ သွားရောက်ပြီးအမှတ်တရပစ္စည်းများဝယ်ယူနိုင်ပါသည်။ ထို့နောက် ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

  

Day 08 :     တိုကျို                                                                         (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Asakusaဘုရားကျောင်းနှင့် Nakamise Street ဈေးတန်းသို့ သွားရောက် လည်ပတ်ပြီးဈေးဝယ်ယူနိုင်ပါသည်။ ပြီးနောက် Tokyo Sky tree မျှော်စင်သို့တတ်ရောက်၍ တိုကျိုမြို့အလှကိုခံစားရပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Ginza၊ လူငယ်Cosplayerများစုဝေးရာနှင့်ပစ္စည်းမျိုးစုံရနိုင်သော Akihabara နေရာများသို့သွားရောက်ပြီးဈေးဝယ်နိုင်ပါသည်။ တိုကျိုမြို့ရှိ ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

  

Day 09 :     Tokyo Disney Land                                                               (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tokyo Disney Land သို့သွားရောက်လည်ပတ်ပါမည်။ Disney Land ကစားကွင်းတွင် Lion King Show, Mickey Mouse 4Dshow နှင့် Roller Coaster စသည့်ကစားနည်းများနှင့် အခြားနောက်ဆုံးပေါ်ကစားနည်းများကိုလည်ပတ်ကြည့်ရှုပြီးစိတ်ကြိုက်ဆော့ကစားနိုင်ရန် သွားရောက်ပါမည်။ ညစာသုံးဆောင်ပြီးနောက် Narita အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမိမြန်မာပြည်သို့ပြန်လည်ထွက်ခွာလာပါမည်။ 

  

Facebook

Our Services

Myanmar Weather

Travels Guide Book

Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours