အမေရိကားခရီးစဉ် ၁၅ည ၁၆ရက်

အမေရိကားခရီးစဉ် ၁၅ည ၁၆ရက်

  1. CI 7916 G 10APR RGNTPE HK11 1050 1615/E *5 | S Y CABIN
  2. CI    4 G     10APR TPESFO HK11 2340 2000/E *5 | S Y CABIN
  3. CI    7 G     24APR LAXTPE HK11 0105 0600/E *5 | S Y CABIN
  4. CI 7915 G 25APR TPERGN HK11 0700 0955/E *6 | S Y CABIN

Day 1 : ရန်ကုန် မှ ဆန်ဖရန်စ္စကိုမြို့ သို့ ( ထိုင်ဝမ် တစ်ဆင့်ဖြင့် )

Yangon မှ China Airlinesလေယာဉ်ဖြင့်ထွက်ခွာပြီးTaipeiမှတဆင့် California ဒေသ၏လူနေအထူထပ်ဆုံးသောမြို့ကြီးဖြစ်သည့်SanFranciscoသို့ရောက်ရှိပါမည်။လေဆိပ်တွင်လာရောက်ကြိုဆိုသောဒေသခံဧည့်လမ်းညွှန်မှဦးဆောင်ကာကားဖြင့်မြို့တွင်းခေါ်ဆောင်ပြီးဟိုတယ်တွင် check-in ဝင်၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 2 :  San Francisco                                                                                     (နံနက်စာ၊နေ့လည်စာ၊ညနေစာ)

မနက်ပိုင်းတွင် San Francisco ပင်လယ်အော်ရှိကမ္ဘာကျော် Golden Gate တံတား၊Fisherman’s Wharf တစ်လျှောက်များစွာသောပင်လယ်စာစားသောက်ဆိုင်တန်းလမ်းလျှောက်ရင်းလည်ပါတ်ပါမည်။နေ့လည်စာသုံးဆောင်အပြီးတွင် Lombard street မှRussian hill အတိုင်းဆင်းလာပြီး China Town ကိုလည်ပါတ်မည်။Twin peak မှ San Francisco မြို့၏အလှကိုအပေါ်စီးမှကြည့်ရှုခံစားမည်။ပနားမားပစိဖိတ်အပြည်ပြည်ဆိုင်ရာပြပွဲခင်းကျင်းပြသထားသော(PanamaPacificInternationalExposition

1915ခုနှစ်ကတည်ဆောက်ထားသည့်Palace of Fine Artကိုလည်ပတ်ပါမည်။ညစာသုံးဆောင်ပြီးနောက်ဟိုတယ်တွင်အေးချမ်းစွာ၊အိပ်စက်အနားယူပါမည်။

  

Day 3 : San Francisco - New York                                                                           (နံနက်စာ၊၊ညနေစာ)

San Franciscoမုအမေရိကား၏နှစ်သက်ဖွယ်မြို့တော်New York City သို့ထွက်ခွာပြီးအရှေ့ပိုင်းကမ်းရိုးတမ်းတစ်လျှောက်လည်ပတ်လေ့လာရေးခရီးစဉ်အတွက်ခန့်အပ်ထားသောကျွနု်ပ်တို့၏ဒေသခံဧည့်လမ်းညွှန်နှင့်လေဆိပ်တွင်တွေ့ဆုံပြီး hotel သို့ပို့ဆောင်ပေးမှာဖြစ်ပါတကယ်။Optional Tour:  New York Night Tour

Day 4: New York  (နံနက်စာ ၊ နေ့လည်စာ၊ ညနေစာ)

America ရဲ့အကြီးဆုံးမြိုတော် New York City ကိုစတင်လည်ပတ်ပါမည်။အထင်ကရနေရာများဖြစ်ကြသောSt.Patricks’s Cathedral၊New York Stock Exchange ( NYSE ) တို့ကိုသွားရောက်လည်ပတ်ပြီးWall Street တွင်ဓာတ်ပုံရိုက်ရန်ခေတ္တနားပါမည်။ယခင်ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (Former World Trade Center) တည်ရှိခဲ့ရာGround Zero သို့လည်းသွားရောက်လေ့လာပြီးနေ့လည်ပိုင်းတွင်စိတ်ကြိုက် Shopping ထွက်ရန်အားလပ်ချိန်ပေးမည်။

 

Day 5: New York  နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ)

ယနေ.တွင် Empire State Building Observation Deck*, United Nations Headquarters, Rockefeller Center*၊ Times Square အစရှိသောနေရာများသို့သွားရောက်လည်ပတ်လေ့လာပါမည်။Fifth Avenue တွင်လမ်းလျှောက်ရင်းဈေးဝယ်မည်။  Manhattan Harbor Cruise* ဖြင့်Libertyကျောက်ရုပ်ကြီးဆီသို့သွားရောက်၍မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပါမည်။

ထိုပြင် Hudson River တွင်တည်ရှိသောThe Intrepid Air Space Museum* သို့လည်းသွားရောက်လေ့လာပါမည်။ညစာသုံးဆောင်ပြီးနောက်ဟိုတယ်တွင်အေးချမ်းစွာ၊အိပ်စက်အနားယူပါမည်။

 

Day6: New York / Philadelphia / Washington DC                                              (နံနက်စာ၊နေ့လည်စာ၊ညနေစာ)

မနက်ပိုင်းတွင်Pennsylvaniaဒေသသို့သွားရောက်ပြီးBenjaminfranklin’s၏သင်္ချိုင်းဂူရှိရာမြို့တော်ဟောင်းPhiladelphiaကိုလေ့လာလည်ပါတ်ပါမည်။မြို့တော်ဟောင်း၏အဆောက်အဦးများ (the Old Capital Building) နှင့်လွတ်လပ်ရေးခေါင်းလောင်း၏ကွန်းခိုရာအသစ် (the new home for Liberty Bell)၊လွပ်လပ်ရေးခန်းမIndepenednce Hall ( the historic site of the signing of the Declaration of

independece)စသောအထင်ကရနေရာများသို့သွားရောက်လေ့လာပါမည်။နေ့လည်စာသုံးဆောင်အပြီးတွင် Washington D. C မြို့သို့ထွက်ခွာပါမည်။လမ်းတွင်အချိန်ရပါကoutletတွင်ဈေးဝယ်ပါမည်။ Washington D. C သို့ရောက်ရှိပြီးညစာသုံးဆောင်၍ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

 

Day 7:   Washington DC. (နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ)

ယနေ့နံနက်ပိုင်းတွင်အိမ်ဖြူတော် (White House) နှင့်the capital building၊အမေရိကန်သမ္မတဟောင်းများ၏အောက်မေ့ဖွယ်နေရာများ (Jefferson Memorial, Lincoln Memorial, Roosevelt Memorial)သို့သွားရောက်လည်ပါတ်ပါမည်။

ဓာတ်ပုံမှတ်တမ်းတင်ရန်ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင် (Washington monument) တွင်ခေတ္တရပ်နားမည်။VietnamVeterans Memorial, Korean Veterans Memorial, Natural History Museumသို့သွားရောက်လည်ပတ်ပြီးနေ့လည်စားကို Air and  Space Museum ၌စီစဉ်ထားပါသည်။နေ့လည်စာသုံးဆောင်ပြီးပါကသဘာဝသမိုင်းပြတိုက် (Natural History museum) နှင့်Jefferson memorial တို့ကိုသွားရောက်လေ့လာပြီးရေကန်အလှကိုခံစားပြီးဓာတ်ပုံရိုက်ပါမည်။

 

Day 8:    Washington - Niagara Falls                                                           (နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ)

အနောက်ဘက်သို့ဦးတည်၍ Harrisburg မြို့ကိုဖြတ်သန်းရင်းNiagaraရေတံခွန်သို့ထွက်ခွာပါမည်။လမ်းတွင် *Corning Glassစင်တာနှင့်ပြတိုက်ရှိနှစ်ပေါင်း၃၀၀၀ကျော်သက်တမ်းရှိသောဖန်ထည်အနုပညာလက်ရာများနှင့်အတူ Innovation Centre တွင်လည်းဖန်ထည်ပစ္စည်းများကျွနု်ပ်တို့နေ့စဉ်ဘဝတွင်မည်သို့အရေးပါအရာရောက်သည်ကိုလေ့လာသိရှိနိုင်မည်ဖြစ်သည်။ညနေပိုင်းတွင် Niagara ရေတံခွန်သို့ရောက်ရှိမည်ဖြစ်ပြီးရေတံခွန်၏ညဘက်အလှကိုခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။လမ်းခရီးရှိစားသောက်ဆိုင်တွင်ညစာသုံးဆောင်ပါမည်။

 

Day 9:    Niagara Falls - Las Vegas                                                                                (နံနက်စာ ၊- ၊ ညနေစာ)

Niagara ရေတံခွန်ရှိGoatIslandတလျောက်လမ်းလျောက်ရင်း၁၇၆ပေအမြင့်မှဖြာကျနေသောရေတံခွန်အလှကိုခံစားကြည့်ရှုရမည်ဖြစ်သည်။ (Optional Tour: *Maid of the mist boat ကိုစီးရင်းဖြာဆင်းလာသောထုနှင့်ထည်နှင့် Niagara ရေတံခွန်အလှနှင့်ထစ်ချုန်းသောရေစီးသံကိုရင်သပ်ရှုမောဖွယ်ကြုံတွေ့ခံစားနိုင်ပါသည်။)ထို့နောက်ကမ္ဘာကျော်လောင်းကစားမြို့တော်Las Vegasသို့ညပိုင်းလေယာဉ်ဖြင့်ထွက်ခွာပါမည်။မှတ်ချက်။ ။ *Maid of the mist ခရီးစဉ်ကိုရာသီဥတုအပေါ်မူတည်၍စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်ပြီးအောက်တိုဘာလမှဧပြီလအတွင်းတွင်ခရီးစဉ်ရှိရန်မသေချာပေ။

Day 10: Las Vegas - West. Grand Canyon (Skywalk)                     (နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ကြပြီးနောက်ကားဖြင့်ကြာချိန်၂နာရီလောက်သွားရသောကမ္ဘာအံ့ဖွယ် (၇) ခုမှတစ်ခုဖြစ်သောGrand Canyonသို့လည်ပတ်ကြမည်။ (Optional Tour :ကော်လိုရာဒိုမြစ်မှပေ၄၀၀၀အထက်တွင်တည်ဆောက်ထားသောဒေါ်လာသိန်း၃၀၀တန်မိုးပျံတံတား(SkyWalk) ကိုလည်ပါတ်မည်။၎င်းတံတား၏အလေးချိန်မှာခရီးသည်အပြည့်နှင့်ဘိုရင်း 747 လေယာဉ်၏အလေးချိန်နှင့်ညီမျှသည်။) Grand Canyon တောင်ကြားသည်လူအများကခန့်မှန်းထားသည်ထက်ပိုမိုကြီးမားပြီးထင်ထားသည်ထက်လည်းပို၍လှပသည်။လက်မှတ်ရနိုင်လျှင် Grand Canyon တောင်ကြားနှင့်ကော်လိုရာဒိုမြစ်၏အလှကိုဟယ်လီကော်ပတာစီး၍လည်းကြည့်ရှုခံစားနိုင်သည်။နေ့လည်စာကိုလမ်းတွင်သုံးဆောင်ပြီးLasVegasသို့ပြန်ရာလမ်းတွင်အချိန်ရပါကကိုလိုရာဒိုမြစ်၏BlackCanyonတွင်တည်ရှိပြီး၊အရီဇိုးနားနှင့်နီဗာဒါးပြည်နယ်နှစ်ခုကြားတွင်တည်ရှိသောLasVegasမြို့အတွက်အဓိကရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ပေးသည့်Hooverဆည်သို့ဝင်ရောက်လည်ပတ်မည်။တနေ့တာပြီးဆုံး၍ညစာသုံးဆောင်ပြီးဟိုတယ်၌အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 11:  Las Vegas                                                              (နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ ကိုယ်ပိုင်အစီအစဉ်ဖြင့်)

ယနေ့တွင်Las Vegas ၏အလှနှင့်လူမှုဘဝများကိုခံစားနိုင်ရန်အားလပ်ချိန်ပေးမည်။လမ်းလျှောက်၍Mirage, treasure Island, Bellagioနှင့်Paris  စသောနာမည်ကျော်ဟိုတယ်ကြီးများ၏အလှကိုငေးမောကြည့်ရှုမည်။သို့တည်းမဟုတ်မိမိနေထိုင်ရာဟိုတယ်တွင်ရေကူးရင်းအပန်းဖြေမည်။

သင်သည်ကမ္ဘာ့အကြီးဆုံးလောင်းကစားမြို့တော်သို့ရောက်ရှိနေသည့်အခိုက်သင်၏လောင်းကစားနှင့်ပတ်သက်၍ကံထူးကံကောင်းခြင်းရှိမရှိကိုလည်းစမ်းသပ်နိုင်ပါသည်။

(Optional tour: ညပိုင်းတွင်Las Vegas ၏ ညပိုင်းဖျော်ဖြေရေး တွင် အကောင်းဆုံးနှင့် နာမည်အကြီးဆုံး  Las Vegas show  ကိုလည်းကြည့်ရှုနိုင်ပါသည်။)သို့မဟုတ် မိမိစိတ်ကြိုက် night tour များfamous jubilee show များကြည့်ရူခံစားနိင်ပါသည်။

 

Day 12း  Las Vegas uLos Angeles                                                                        (နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Las Vegas မှ၅နာရီခန့်ကားမောင်းသွားရသောLos Angeles မြို့သို့ထွက်ခွာကြမည်။လမ်းတွင်ကမ္ဘာ့နာမည်ကြီး brand မျိုးစုံကိုဈေးသက်သက်သာသာဖြင့်စိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ရန်Lenwood factory outlet mall၌ခေတ္တရပ်နားပါမည်။နေ့လည်စာကိုလမ်းခရီးတွင်သုံးဆောင်ပြီးLosAngelesသို့ညနေပိုင်းတွင်ရောက်ရှိမည်။ဟိုတယ်တွင် check-in ဝင်၍ညစာသုံးဆောင်ပြီးနောက်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

 

Day 13    Universal Studios   /                                                                             (နံနက်စာ ၊ ……… ၊ ညစာ)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီၤးနောက် LA မြို့လယ်ကိုဖြတ်သန်းရင်း(ကားဖြင့်၄၅မိနစ်ခန့်သွားရသော)ကမ္ဘာကျော်Universal Sutdioနှင့်Hollywood သို့တနေကုန်သွားရောက်လေ့လာမည်။ယနေ့နေ့လည်စာကိုမိမိအစီအစဉ်ဖြင့်သုံးဆောင်ပါမည်။ကြီးကျယ်ခန်းနားလှသောအံ့သြောဖွယ်ရာရိုက်ကွင်းပြုလုပ်ချက်များကိုသွားရောက်လေ့လာပါမည်။

ကမ္ဘာကျော်ရုပ်ရှင်ကားကြီးများကိုမည်သို့ပြုလုပ်ရိုက်ကူးလေ့ရှိသည်ကိုမြင်တွေ့ခွင့်ရမည်ဖြစ်သည်။ဥပမာမျက်စိရှေ့၃ပေအကွာတွင်ပင်အမြင့်၃၀ပေ၊အလေးချိန်၃၀၀၀၀ပေါင်ရှိသောကမ္ဘာကျော်ကင်းကောင် (King Kong ) ရုပ်ရှင်မှကင်းကောင်ကြီးကိုအနီးကပ်မြင်တွေ့ရမည်ဖြစ်ပြီး၊ Cowboys စတန့်ရှိူး၊ Jaws ရုပ်ရှင်မှငမန်းကြီးများကိုမျက်ဝါးထင်ထင်မြင်တွေ့ရမည်ဖြစ်သည်။ထို့အပြင်ကျော်ကြားအောင်မြင်ခဲ့သော Water World နှင့် Jurassic Park ရုပ်ရှင်ကြီးများကHollywoodဟုမည်သို့အသက်သွင်းခဲ့သည်ကိုလေ့လာခွင့်ရမည်ဖြစ်သည်။ညစာသုံးဆောင်ပြီးနောက်ဟိုတယ်တွင်အေးချမ်းစွာ၊အိပ်စက်အနားယူပါမည်။

 

Day 14. Los Angeles                                                                                           (နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ)

ဟိုတယ်နံနက်ပိုင်းအားလပ်ချိန်ပေးထားပြီး၁၁နာရီတွင်ဟိုတယ်မှ check-out လုပ်မည်။ယနေ့တွင် LA မြို့လယ်ရှိထင်ရှားသောNBA basketball teams of Laker home court - Staples Center ၊“L.A Time Square” ၊ L.A. Live Music Center နှင့်  China Town ၊ Kodak theatre နှင့် Hollywood Boulevard, ရှိChinese theatre သို့လည်ပတ်မည်။Hollywood Boulevard တွင်ဟောလီးဝုဒ်ငွေကြယ်ပွင့်တို့နှင့်တွဲ၍ဓာတ်ပုံရိုက်နိုင်သည်။နေ့လည်စာသုံးဆောင်ပြီးနောက်Beverly hills Rodeo Drive မှာဈေးဝယ်ကြမည်။နာမည်ကျော်brand names products များစွာရွေးချယ်ဝယ်ယူနိုင်သည်။နောက်ဆုံးနှုတ်ဆက်ညစာသုံးဆောင်ပြီးနောက်ညလေယာဉ်ဖြင့်ရန်ကုန်သို.ပြန်ရန်လေဆိပ်သို့ပို.ဆောင်းပေးပါမည်။

 

Day 15 :     Los Angeles Q Taipei

LA မှဒေသစံတော်ချိန်နံနက်၁နာရီ၅ခန့်တွင်လေယာဉ်ထွက်ခွာပြီးတိုင်ပေသို့ပြန်သန်းကြမည်။

Day 16 :     Taipei Q Arrival Home Town

တိုင်ပေသို့နံနက်၆နာရီ၀၀တွင်ရောက်ရှိပြီးမြန်မာပြည်သို့၇နာရီတွင်ဆက်လက်ပြန်သန်းပါမည်။မြန်မာပြည်သို့နံနက် 9နာရီ 5တွင်ပြန်လည်ရောက်ရှိပါမည်။

 

၁၆ရက်အမေရိကားခရီးစဉ်အတွက်ခရီးစဉ်ကုန်ကျစရိတ်နှင့်ဝန်ဆောင်မှုများ

(အနည်းဆုံး၁၆ယောက်)                      

တစ်ဦးဈေးနှုန်း(အခန်းတစ်ခန်းတွင်လူ၂ဦးနှုန်း)= ၆၇၀၀ဒေါ်လာ

တစ်ခန်းထဲတစ်ဦးထဲနေလျှင် ၁၁၀၀ဒေါ်လာ ထပ်စောင်းပေးရပါမည်။

ခရီးစဉ်ကာလ = ၂၀၁၆ ဧပြီ ၁၀ မှ၂၆ ရက်နေ့ထိ

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုစရိတ်များ

  • ဗီဇာပြင်ဆင်လျောက်ထားဝန်ဆောင်မှုနှင့်ဗီဇာကြေး
  • ရန်ကုန်မှအသွားအပြန်ရိုးရိုးတန်းလေယာဉ်လက်မှတ်ခ
  • luggage တစ်လုံးစီအတွက်တန်ဆာခပါဝင်သောပည်တွင်းလေယာဉ်လက်မှတ်ခများ၊
  • လေဆိပ်ခွန်များ၊
  • ကြယ်လေးပွင့်အဆင့်ဟိုတယ်ခန်းများတွင်နံနက်စာအပါအဝင်အခန်းတစ်ခန်းတွင် (၂)ဦးနှုန်းတည်းခိုခများ၊
  • ခရီးစဉ်တလျောက်စားသောက်ဆိုင်များတွင်ဖော်ပြပါနေ့လည်စာ၊ညစာစားသောက်စရိတ်များ၊့လေဆိပ်ကြို/ပို့နှင့်ဖော်ပြပါခရီးစဉ်အတိုင်းသီးသန့်ကားများဖြင့်အလည်အပတ်အစီအစဉ်များ၊
  • သက်ဆိုင်ရာဝင်ကြေးခများ၊
  • ခရီးစဉ်စဆုံးအဆင်ပြေမှုရှိစေရန်မြန်မာ-အင်္ဂလိပ်စကားပြောအဖွဲ့ခေါင်းဆောင် (Tour Leader) လိုက်ပါစီစဉ်ပေးမှု၊
  • ဧည့်လမ်းညွှန်နှင့်ယာဉ်မောင်းများအတွက် Tip

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုစရိတ်များ

  • သက်ဆိုင်ရာဗီဇာလျောက်ထားရန်လိုအပ်သောအထောက်အထားများအတွက်နိုတြီကြေးနှင့်ဝန်ဆောင်ခများ၊
  • ကျန်းမာရေးအာမခံနှင့်အသက်အာမခံဝယ်ယူစရိတ်များ၊
  • ခရီးစဉ်တွင်မပါဝင်သောအစီအစဉ်များ၊ညပွဲများစသဖြင့်လည်ပတ်ခြင်းများအတွက်အပိုကုန်ကျစရိတ်များ၊
  • ဟိုတယ်များတွင် Mini-bar၊အခပေးရုပ်သံ (Pay TV) နှင့်တယ်လီဖုန်းအသုံးပြူကုန်ကျစရိတ်များ၊
  • အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ၊ (ဥပမာ - သောက်ရေသန့်ဗူး၊အချိုရည်၊အဖျော်ယမကာခများ၊ဟိုတယ်တွင်အဝတ်လျော်ခများစသဖြင့်)
  • ပြည်တွင်း/ပြည်ပလေယာဉ်များတွင်ဝန်ပိုတန်ဆာခများ၊
  • ဖော်ပြမထားသောအစားအသောက်စာရိတ်များ၊
  • ခရီးစဉ်တွင်ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ

Facebook

Our Services

Myanmar Weather

Travels Guide Book

Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours